ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွား

ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာကို စစ်ကောင်စီတပ်မီးရှို့ပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ကာ အရပ်သားတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။

စစ်ကောင်စီတပ်က သုံးဆင့်ကန်ရွာကို မီးရှို့ရာ နေအိမ်(၁၀၀)ကျော် ပျက်စီးသွားပြီး အသက်(၆၀)ကျော်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရသည်ဟု သိရသည်။

လက်ရှိချိန်တွင် သုံးဆင့်ကန်ကျေးရွာမှ တိမ်းရှောင်နေရသည့် ဒေသခံများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်‌နေသည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo : ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ