လူနာတင်ယာဉ်ဖြင့် လက်နက်ကြီးကျည်ထောက်ပို့သည့် ပျူစောထီးများကို PDF တိုက်ခိုက်ရာ ကျည်များသိမ်းဆည်းရရှိ

လူနာတင်ယာဉ်ဖြင့် လက်နက်ကြီးကျည်ထောက်ပို့သည့် ပျူစောထီးများကို PDF တိုက်ခိုက်ရာ ကျည်များသိမ်းဆည်းရရှိ
နိုဝင်ဘာ 18, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် လက်နက်ကြီးကျည်ထောက်ပို့ရန် အရေးပေါ်လူနာတင်ယာဉ်အသုံးပြုလာသော ပျူစောထီးများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က ပစ်ခတ်တိုက်ခိုက်ရာ သေနတ်(၂)လက်နှင့် လက်နက်ကြီးကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် ထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ် လက်ပံကုန်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်များထံ လက်နက်ကြီးကျည် ထောက်ပို့ရန် ပျူစောထီး (၃)ဦး မောင်းလာသည့် လူနာတင်ယာဉ်အား ဒေသကာကွယ်ရေးတပ်များက အတွင်းသတင်းရရှိမှုကြောင့် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကားအား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး(၃)ဦး သေပြီး ၎င်းတို့သယ်ဆောင်လာသော လက်နက်ကြီးကျည်များနှင့် ပျူစောထီးများ ကိုင်ဆောင်နေသော သေနတ်(၂)လက်နှင့် ကျည်များကိုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကြာညှပ်