မင်္ဂလာပွဲနေ့တွင် သတိုးသား ထွက်ပြေးသွား၍ ချွေးမဖြစ်သူကို ယေက္ခထီးက လက်ထပ်လိုက်ရ

မင်္ဂလာပွဲနေ့တွင် သတိုးသား ထွက်ပြေးသွား၍ ချွေးမဖြစ်သူကို ယေက္ခထီးက လက်ထပ်လိုက်ရ
စက်တင်ဘာ 10, 2023 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံတွင် မင်္ဂလာပွဲနေ့၌ သတိုးသမီးကို ထားရစ်ခဲ့ပြီး သတို့သား ထွက်ပြေးသွားသည့်အတွက်  သတိုးသား၏ ဖခင်ဖြစ်သူက ချွေးမဖြစ်လာမည်ဟု မှတ်ယူထားခဲ့သည့် သတို့သမီးနှင့် လက်ထပ်လိုက်ရသည်။ 

ခင်ပွန်လောင်း မင်္ဂလာပွဲနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၉) ရက်နေ့တွင် ထွက်ပြေးသွားခဲ့ပြီးနောက် အင်ဒိုနီးရှား အမျိုသမီးတစ်ဦး၏ ဘဝတွင် အပျော်ရွှင်ဆုံးနေ့ဟု ယူဆထားမှုမှာ အရှက်ရစရာ အိပ်မက်ဆိုးအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

အင်ဒိုနီးရှားမီဒီယာများက SA ဟုသာ အမည်ဖော်ပြထားသော အမျိုးသမီးငယ်မှာ South Halmahera နယ်မြေ Jikotamo ကျေးရွာမှဖြစ်ပြီး ထွက်ပြေးသွားသည့် သတို့သားနှင့် ကာလရှည်ကြာ ချစ်သူဖြစ်ခဲ့သည်ဟု ဆိုထားပြီး သတို့သား ထွက်ပြေးသွားမှုကြောင့် သတို့သမီး၏ မိသားစုမှာ အလွန်အရှက်ရခဲ့သလို  မင်္ဂလာပွဲအခမ်းအနားအတွက် ပြင်ဆင်ရသည့် ကုန်ကျစရိတ် အင်ဒိုနီးရှား ရူပိုင်းငွေ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၁,၇၀၀) ကုန်ကျမှုအတွက်ကြောင့်လည်း ၎င်းတို့၏ အဓိက စိုးရိမ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

မင်္ဂလာပွဲအတွက် အားလုံးပြင်ဆင်ထားပြီး ခန်းဝင်ပစ္စည်းများလည်း စီစဥ်ပြီးဖြစ်ရာ သတို့သား ထွက်ပြေးသွားခြင်းကို နှစ်ဘက် မိသားစုများက မယုံနိုင်အောင် ဖြစ်ခဲ့ကြရသည့်အတွက် စီစဥ်ထားသည့် မင်္ဂလာပွဲ အခမ်းအနား မဖျက်သိမ်းရစေရန် သတို့သား၏ ဖခင်က SA နှင့် လက်ထပ်လိုက်ခြင်း ဖြစ်သည်။ 

အင်ဒိုနီးရှား ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် မင်္ဂလာပွဲ၌ သတို့သား၏ ဖခင်နှင့် သတို့သမီး၏ ဖခင်တို့ကို တွေ့ရပြီး သတို့သား၏ ဖခင်မှာ ၎င်းကိုယ်တိုင်ပင် သတို့သား ဖြစ်ခဲ့သည်။ 

"မင်္ဂလာပွဲမှာ ဧည့်သည်တွေက ရောက်နေကြပြီ။ နောက်တော့ သတို့သားရဲ့ မိသားစုက သူတို့ရဲ့သား ပျောက်နေပြီး ရှာမတွေ့ဘူးဆိုတာ အသိပေးလာတယ်" ဟု သတို့သမီး၏ အကိုဖြစ်သူက သတင်းထောက်များကို ပြောခဲ့သည်။



အဆိုပါ ထူးထူးဆန်းဆန်း မင်္ဂလာပွဲကို အင်ဒိုနီးရှား ဆိုရှယ်မီဒီယာပေါ်တွင် အမျိုးမျိုး တုံ့ပြန်နေကြပြီး ရယ်စရာအဖြစ် ပြောသူများရှိသလို သတို့သမီး၏ ကံကြမ္မာမှာ ဝမ်းနည်းစရာဖြစ်ကြောင်း မှတ်ချက်ပြုသူများလည်းရှိသည်။

 

Source: Tribun Jatim