မြိုင်တွင် စစ်ကောင်စီတပ်ဖွဲ့သတ်သွားသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့

မြိုင်တွင် စစ်ကောင်စီတပ်ဖွဲ့သတ်သွားသည့် အမျိုးသားအလောင်း တစ်လောင်းတွေ့
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ် ဆားလင်းကန်ကျေးရွာနှင့် သရက်ကွရွာ ပျူစောထီးစခန်းကြားတွင် စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားသည့် အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရှိခဲ့ကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် ဖော်ပြထားသည်။

သေဆုံးနေသူမှာ အသက်(၄၀)ဝန်းကျင်ရှိ အမည်မသိ အမျိုးသားဖြစ်ပြီး စက်တင်ဘာလ (၅)ရက်နေ့ နေ့လယ်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်မသိ အမျိုးသားတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ လက်မောင်းပွန်းပဲ့ဒဏ်ရာ၊ ပေါင်ခြံပွန်းပဲ့ဒဏ်ရာနှင့်  ခြေဖမိုးအထက် ပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့သည် သရက်ကွရွာပျူစောထီးစခန်းသို့ ရိက္ခာလာပို့ရာက အဆိုပါ အမျိုးသားအား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

(စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်များ ပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/42641 တွင် ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency