တမူးမြို့နယ်တွင် စစ်ကောင်စီပူးပေါင်း SNAတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်များရရှိ

တမူးမြို့နယ်တွင် စစ်ကောင်စီပူးပေါင်း SNAတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်များရရှိ

စစ်ကိုင်းတိုင်း တမူးမြို့နယ်၌ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

တမူးမြို့နယ် အောင်ဇေယျ ဟုမ္မလင်းလမ်း၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူး ဝင်းမင်းထွန်း (ဒု-တပ်ရင်းမှူး) ဦးစီးသော ခမရ(၃၀၉)၊ SNAနှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၅)ဦးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးပြီး လက်နက်ငယ် (၆)လက်၊ ဗုံးသီး (၃၁)လုံး၊ ကျည်မျိုးစုံ (၂၃၀၀)ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency