ကျိုင်းတုံ အထက(၄)မှ (၉)တန်းကျောင်းသားလေး တစ်ဦး ရေနစ်သေဆုံး

ကျိုင်းတုံ အထက(၄)မှ (၉)တန်းကျောင်းသားလေး တစ်ဦး ရေနစ်သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း မိုင်းလပ်ကျေးရွာအုပ်စုရှိ ဝမ်ဟွတ်ရေကန်တွင် ရေကစားရင်း ရေနစ်သေဆုံးသူ၏ အလောင်းအား တစ်ရက်ကျော်တွင် ရှာဖွေ ဆယ်ယူတွေ့ရှိကြောင်း သိရသည်။

ဝမ်ဟွတ်ရေကန်တွင်  ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းက ကျောင်းချိန်အတွင်း သူငယ်ချင်းများနှင့်အတူ ရေကူးရာမှ ရေနစ်သွားပြီးနောက် ယနေ့ ဩဂုတ်လ(၃၀)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်အချိန်တွင် ပြန်လည် ရှာဖွေ တွေ့ရှိကြောင်း သိရသည်။

ရေနစ်သေဆုံးသူမှာ ကျိုင်းတုံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၄)နှစ်အရွယ် (၉)တန်းကျောင်းသား မောင်ကျော်ဖြိုးဝင်းဖြစ်ပြီး ၎င်းတို့အဖွဲ့သည် ကျောင်းချိန်အတွင်း ရေသွားကူးကြခြင်း ဖြစ်ကြောင်း သိရသည်။

ဝမ်ဟွတ်ရေကန်အတွင်း ပျောက်နေသည့် အဆိုပါ လူငယ်အလောင်းကို မီးသတ်တပ်ဖွဲ့နှင့် တိုင်းနေနာရေးကူညီမှုအသင်း အပါအဝင် ဒေသခံများက ကူညီရှာဖွေခဲ့ကြပြီးနောက် ရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းက ကျိုင်းတုံဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ရေကန်တွင် ရေနစ်သေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

#TachileikNewsAgency

Photo: တိုင်းနေနာရေးကူညီမှုအသင်း, CJ