မယ်ဆိုင်ချောင်းရေ ရုတ်တရက် တက်လာ၍ တာချီလိတ် - မယ်ဆိုင် နှစ်ဖက် ပြင်ဆင်နေ

မယ်ဆိုင်ချောင်းရေ ရုတ်တရက် တက်လာ၍ တာချီလိတ် - မယ်ဆိုင် နှစ်ဖက် ပြင်ဆင်နေ
နိုဝင်ဘာ 2, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းမှာ တောင်ကျရေများကြောင့် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်ကစပြီး ရေတက်လာနေသည့်အတွက် ရေကြီးရေလျှံမှု မဖြစ်ရန် တာချီလိတ်မြို့၏ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင်  ချောင်းဘေးနေအိမ်များကို ရေဘေးကာကွယ်ရေးအတွက် ပြင်ဆင်ထားရန် ထိုင်းတာဝန်ရှိသူများက အရေးပေါ် ဥဩဆွဲကာ အသိပေးထားပြီး သဲအိတ်များ ပြင်ဆင်နေကြောင်း သိရသည်။

အလားတူပင် တာချီလိတ်ဘက်ရှိ တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များရှိ တာဝန်ရှိသူများကလည်း လိုက်လံအသိပေးနေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့ နံနက်အစောပိုင်းက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ(၂)ရက်နေ့တွင် ရေများကျသွားသော်လည်း ညပိုင်းတွင် ချောင်းရေ ပြန်လျှံလာခြင်း ဖြစ်သည်။

 

#TachileikNewsAgency

Photo: Maesaipress