မြိတ်မြို့နယ် တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများရှိ‌သော ဂိတ်စခန်း တော်လှန်ရေးတပ်များ ဝင်ပစ်

မြိတ်မြို့နယ် တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများရှိ‌သော ဂိတ်စခန်း တော်လှန်ရေးတပ်များ ဝင်ပစ်

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများရှိ‌သော ဂိတ်စခန်းကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)က ၂၀၂၄ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုသည် (၁၅)မိနစ်ကြာပြီး စစ်ကောင်စီဘက်မှ (၂)ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရကာ ပူးပေါင်းစစ်ကြောင်း(၂)မှ ရဲဘော်(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)အဖွဲ့တွင် မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၂)နှင့် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့ (တနင်္သာရီမြို့နယ်ပကဖ)၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖနှင့် Dragon Squadဒရုန်းအဖွဲ့တို့ပါဝင်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ် မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency