ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ကောင်စီ ဖွဲ့စည်းထုတ်ပြန်

ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ကောင်စီ ဖွဲ့စည်းထုတ်ပြန်
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်အစိုးရအဖွဲ့ကို ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်သည်။

ချင်းပြည်အစိုးရအဖွဲ့ကို ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)နှင့် ပုဒ်မ ၃၂(က)အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မှာ Pu Pa Thang ဖြစ်ကာ ဝန်ကြီးဌာန (၁၄)ခုနှင့် ရှေ့နေချုပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ဝန်ကြီးဌာနများမှာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ၊ ဆက်သွယ်ရေးနှင့် နည်းပညာ၊ လျှပ်စစ်နှင့် စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပါဝင်သည်။

ထို့အပြင် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ စာရင်းစစ်ချုပ်တို့ကိုလည်း ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်နေသည့် တိုင်းရင်းသားဒေသများအနက် ကရင်နီပြည်နယ်တွင် ပထမဆုံး အစိုးရဖွဲ့နိုင်ခဲ့ကာ ချင်းပြည်နယ်သည် ဒုတိယမြောက် အစိုးဖွဲ့နိုင်သည့် ပြည်နယ်ဖြစ်လာသည်။

#TachileikNewsAgency