သတင်းပေးဒလန်ဟု ကျော်ကြားသူ အောင်ပင်လယ်ရာအိမ်မှူး သေနတ်ဖြစ် ပစ်ခတ်ခံရ

သတင်းပေးဒလန်ဟု ကျော်ကြားသူ အောင်ပင်လယ်ရာအိမ်မှူး သေနတ်ဖြစ် ပစ်ခတ်ခံရ
အောက်တိုဘာ 26, 2021 | အခြားဒေသများ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း အောင်ပင်လယ်ရပ်ကွက်တွင် အာဏာသိမ်းစစ်တပ်နှင့်ရဲအား သတင်းပေးသူ ဒလန်ဟု ကျော်ကြားနေသည့် ရာအိမ်မှူး တစ်ဦး ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်အစောပိုင်းက အောင်ပင်လယ်ရပ်ကွက်၏ ရာအိမ်မှူးသည် သေနတ်ဖြင့် အနည်းဆုံး (၂)ချက်အထက် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့ ညပိုင်းကလည်း အောင်ပင်လယ်ရပ်ကွက်ရုံး ဗုံးခွဲခံရမှုလည်း ဖြစ်ပွားခဲ့ဖူးသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် စစ်ကောင်စီမှ ခံအပ်ထားသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်/ကျေးရွာတွင်းမှာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများသည် အာဏာသိမ်းစစ်တပ်အား သတင်းပေးမှုများ လုပ်ဆောင်သလို ဖမ်းဆီးရာတွင်လည်း နေအိမ်များပြသရာတွင် ပါဝင်သည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးခြင်း၊ ရှင်းလင်းခြင်းများ လိုက်လံလုပ်ဆောင်နေရသည့် ဖြစ်စဉ် အများအပြားရှိနေသည်။