ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း(၂)ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် ဒေသခံ (၈,၀၀၀)ကျော်  ထွက်ပြေးတိမ်းရှောင်ရ

ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်၏ စစ်ကြောင်း(၂)ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် ဒေသခံ (၈,၀၀၀)ကျော်  ထွက်ပြေးတိမ်းရှောင်ရ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က စစ်ကြောင်း(၂)ကြောင်းခွဲပြီး တစ်ပြိုင်တည်း ထိုးစစ် ဆင်နေမှုကြောင့် ဒေသခံ (၈,၀၀၀)ကျော်သ  ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

စစ်ကောင်စီတပ်၏ ခမရ(၃၆၁)သည် ခင်ဦးမြို့ပေါ်ကနေ ကျေးရွာများသို့ ထွက်ခွာလာရာ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၅)ရက်နေ့ ညတွင်  ပင်တင်းကျေးရွာအနီးသို့ ရောက်ရှိလာ၍ အနီးအနားကျေးရွာများမှ ဒေသခံ (၃,၀၀၀)ကျော်မှာ ဘေးလွတ်ရာသို့ ချက်ချင်း ထွက်ပြေးရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရွှေဘိုမြို့နယ် မြင်စီးပျူရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ကြောင်းမှာလည်း  ခင်ဦးမြို့နယ်အတွင်း အောင်သာကျေးရွာတွင် တပ်စွဲထား၍ ခင်ဦး နှင့် ရွှေဘို တကြောရှိ ကျေးရွာများမှ ဒေသခံ (၅,၀၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ကနီမြို့နယ်အတွင်း၌လည်း ဩဂုတ်လ(၂၅)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာ (၉)ရွာမှ ဒေသခံ ထောင်ချီ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။



Photo: Khin U Local Guerrilla Force