ကျောက်တံခါးမြို့နယ် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းတွင် PDFတပ်များ စစ်ဆေးရေးပြုလုပ်

ကျောက်တံခါးမြို့နယ် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းတွင် PDFတပ်များ စစ်ဆေးရေးပြုလုပ်

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့က စတင်ပြီး တော်လှန်ရေးတပ်များက စစ်ဆေးရေးများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅)ထံမှ သိရသည်။

အဆိုပါလမ်းပိုင်းတွင် တော်လှန်ရေးတပ်များက လိုအပ်သည့် စစ်ရေးလှုပ်ရှားမှုများ စတင်လုပ်ဆောင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်အတူ သွားလာခြင်း၊ အနီးတွင်နေထိုင်ခြင်းများ မပြုလုပ်ကြရန် ကြိုတင်သတိပေးကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း