မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်နှစ်လက်နှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း(၁၅၀)ချီးှင့်

မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်နှစ်လက်နှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း(၁၅၀)ချီးှင့်

မကွေးတိုင်း မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်နှစ်လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း(၁၅၀)ချီးမြှင့်ပေးထားကြောင်း မြိုင်ပကဖထံမှ သိရသည်။

ရဲတပ်သား တိုးပြည့်ချမ်းသာသည် ဧပြီလ (၄)ရက်နေ့ နေ့လယ်ပိုင်းတွင် G-3 သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခုနှင့် ၎င်းကျည် (၁၀၅)တောင့်၊ စက်လက်သေနတ် (၁)လက်၊ ဘောက်ဝိုင်းတစ်ခု၊ ၎င်းကျည် (၅၀၃)တောင့်တို့နှင့် အလင်း‌ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရဲတပ်သားသည် ကမ္မအောက်ဆီဂျင်အဖွဲ့မှ ရဲဘော်ကျောင်းသားနှင့် မြိုင်ပကဖမှ ရဲဘော်ဘိုးတော်တို့၏ ယခင်က စစ်ကောင်စီတပ်သားအဖြစ် အသွင်ယူခဲ့စဥ်က ချိတ်ဆက်ထားရှိခဲ့သူဖြစ်သည်ဟု သိရသည်။

ရဲတပ်သားသည် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်မည်ပြောဆိုရာ သွားရောက်လိုခြင်းမရှိကြောင်း၊ စစ်ကောင်စီအား ပြန်လည်၍ ပူးပေါင်းတိုက်ခိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆို၍ ၎င်းအား ထုတ်လုပ်ရေးစခန်းတွင် ဖောက်ခွဲရေးကိစ္စများ သင်ကြားပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ