မီးပြတ်ခြင်းကြောင့် စစ်ခေါင်းဆောင်ကို ဝေဖန်ခဲ့သူ အဆိုတော် ဗျူဟာ ထောင်အနှစ်(၂၀)ချခံရ

မီးပြတ်ခြင်းကြောင့် စစ်ခေါင်းဆောင်ကို ဝေဖန်ခဲ့သူ အဆိုတော် ဗျူဟာ ထောင်အနှစ်(၂၀)ချခံရ
သြဂုတ် 23, 2023 | 2021 Military Coup

မီးပြတ်သည့်အကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် Liveလွှင့်၍ စစ်ခေါင်းဆောင်ကို ဝေဖန်ခဲ့သူ အဆိုတော်ဗျူဟာကို စစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် ထောင်ဒဏ်အနှစ်(၂၀)ချလိုက်ကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် မေလ (၂၃)ရက်နေ့တွင် မီးပြတ်သည့်ကိစ္စနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် Live လွှင့်၍ ဝေဖန်ပြောဆိုခဲ့ရာက ဖမ်းဆီးခံရခြင်းဖြစ်သည်။

ထို့နောက် မေလ(၂၉)ရက်နေ့တွင် မြောက်ဒဂုံမြို့နယ်တရားရုံးကို ခေါ်ထုတ်သွားပြီး နိုင်ငံအားဆူပူရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)တို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

အဆိုတော်ဗျူဟာသည် တေးရေး၊ တေးဆို နိုင်မြန်မာ၏သားဖြစ်ပြီး ဇနီးသည် မခင်ချစ်ကြည်၊ အသက် (၁ဝ)နှစ်အရွယ် သမီးငယ် မဓာတုမြန်မာနှင့် အသက်(၈)နှစ်အရွယ် သားငယ် မောင်ဂုဏ်ရောင်မြန်မာတို့နှင့်အတူ မြောက်ဒဂုံမြို့နယ်၊ ဗထူးအိမ်ရာတွင် နေထိုင်သည်ဟု သိရသည်။

#TachileikNewsAgency