ကန့်ဘလူမြို့နယ်အတွင်း ဘိုတဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က အကြမ်းဖက် ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ပုံအညွှန်း - မေလ(၂၀)ရက်နေ့က ဖုတ်ကုန်းကျေးရွာအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပုံ
ပုံအညွှန်း - မေလ(၂၀)ရက်နေ့က ဖုတ်ကုန်းကျေးရွာအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပုံ
ကန့်ဘလူမြို့နယ်အတွင်း ဘိုတဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က အကြမ်းဖက် ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ကန့်ဘလူမြို့နယ်အတွင်း ဘိုတဲကုန်းကျေးရွာကို စစ်ကောင်စီတပ်က အကြမ်းဖက် ဝင်ရောက်ကို နေအိမ်များကို မီးရှို့ဖျက်ဆီး

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

အာဏာသိမ်းစစ်ကောင်စီတပ်သား အင်အား(၁၀၀)ဝန်းကျင်က ကန့်ဘလူမြို့နယ်အတွင်း  ထန်းကုန်းတိုက်နယ်ရှိ ဘိုတဲကုန်းရွာကို ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့၏ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က သွားရောက်ကာ အကြမ်းဖက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး သိရသည်။



အဆိုပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းက ပျူစောထီးအဖွဲ့များ အထိုင်ချသည့် ထန်းကုန်းရွာကနေ ဘိုတဲကုန်းရွာကို ဦးတည်ထွက်ခွာလာပြီးနောက်  နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ကျေးရွာထဲတွင် ဆက်လက်ရှိနေဆဲဖြစ်၍ နေအိမ် မည်မျှ မီးရှို့ဖျက်ဆီးခံရသည်ကို မသိရသေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်း ပျူစောထီးများတပ်ဖွဲ့ထားသည့်  ချပ်ကြီးကျေးရွာကနေ စစ်ကြောင်းထိုးထွက်လာသည့် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်(၇)နာရီအချိန်တွင် ပိတောက်ပင်ကျေးရွာအတွင်းမှ ဒေသခံ ဦးသိန်းဝင်းကို ဖမ်းဆီးကာ ရက်ရက်စက်စက် သတ်ဖြတ်သွားပြီးနောက် ပင့်သာကြီးကျေးရွဦမှ ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးကာ လမ်းပြအဖြစ် ခေါ်ဆောင်သွဦးကြောင်း နှင့် ၎င်းစစ်ကြောင်းသည် ဇင်းကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

မေလ(၂၀)ရက်နေ့က ဖုတ်ကုန်းကျေးရွာအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ပုံဖြစ်ပါသည်။

အကြမ်းဖက် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့တို့သည့် ၂၀၂၃ခုနှစ် မေလ(၂၀)ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်း အိမ်ခြေ(၆၀၀)ဝန်းကျင်ရှိသည့် ဖုတ်ကုန်းကျေးရွာအတွင်းမှ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွား၍ နေအိမ်(၃၆၀)ဝန်းကျင် မီးလောင်ပြာကျခဲ့ရကြောင်းလည်းသိရသည်။

ပျူစောထီးအင်အားများသည့် ကန့်ဘလူခရိုင်အတွင်း၌ စစ်ကောင်စီတပ်သည် ကျေးရွာများကို တစ်ရွာပြီး တစ်ရွာ စစ်ကြောင်းထိုးပြီး ဒေသခံ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကိုလည်း မထင်ရင် မထင်လို ဖမ်းဆီး ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။