မူဆယ်မြို့ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါ်တပ်စခန်းကို TNLA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများစွာရရှိ 

မူဆယ်မြို့ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါ်တပ်စခန်းကို TNLA သိမ်းပိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများစွာရရှိ 
ဒီဇင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နမ့်ပေါ်တပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နမ့်ပေါ်တပ်စခန်းကို TNLAက ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုဝင်ဘာလ (၂၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၅)ရက်အကြာတွင် အလုံးစုံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတပ်စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ ၆၀ မမ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်ပေါင်းများစွာ၊ စစ်သုံ့ပန်း(၂)ဦးနှင့် စစ်သုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နမ့်ပေါ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများစွာနှင့်  တိုက်လေယာဉ်ဖြင့် (၂၁)ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့်(၅)ကြိမ်၊ Mi35/Mi17ဖြင့် (၃)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : PSLF/TNLA News