မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ သာသနိကအဆောက်အဦးများ ပျက်စီး

မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲရာ သာသနိကအဆောက်အဦးများ ပျက်စီး

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာသနိကအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ နေပြည်တော်လေတပ်မှ Yak-130 (Jet-Fighter) လေယာဉ်(၂)စီးဖြင့် (၃)ကြိမ်လာရောက်ပြီး တော်လှန်ရေးတပ်များ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင် နေရာတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များနှင့် ပစ်ခတ်မှုဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Cobra Column