ပေါက်မြို့နယ်ရှိ ပျူစောထီးစခန်းကို PDFများဝင်တိုက် ပျူစောထီးအများအပြား သေဆုံး

ပေါက်မြို့နယ်ရှိ ပျူစောထီးစခန်းကို PDFများဝင်တိုက် ပျူစောထီးအများအပြား သေဆုံး

မကွေးတိုင်း ပေါက်မြို့နယ် တပ်ကုန်း-ရွာသစ်ရွာရှိ ပျူစောထီးစခန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျူစောထီး အများအပြားသေဆုံးပြီး ထွက်ပြေးသွားသူများလည်းရှိကာ ပျူစောထီးစခန်းအား မီးရှို့ဖျက်ဆီးခဲ့‌သည့်အပြင် လက်လုပ်‌သေနတ် (၇)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ကူပေးခဲ့ပြီး ပေါက်မြို့ရှိ စစ်ကောင်စီတပ်က (၁၂၀)မမဖြင့် အချက်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်မှ ရဲဘော်(၃)ဦး လက်နက်ငယ်ထိမှန်ခဲ့ပြီး  အသက်အန္တရာယ် စိုးရိမ်ရဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲမဖြစ်မီ ရက်ပိုင်းအတွင်းက တောင်ယာလယ်လုပ်နေသော အရပ်သား(၇)ဦးကို ၎င်းရွာမှ ပျူစောထီးများက ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့သည်ဟု PKU Earthquake People’s Defence Forceထံမှ သိရသည်။

တိုက်ပွဲကို ပေါက်မြို့နယ်(YRF)တပ်ဖွဲ့၊ ပခုက္ကူခရိုင် PDFရင်း (၁၁/၁၈)၊ PKU Earthquake People’s Defence Force၊ ပေါက်ပကဖ၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်ပကဖ ရင်း(၃) ခွဲ(၂၊၄)မှ တပ်စိတ်များ၊ ပခုက္ကူမြို့ပြပြောက်ကျားတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency