မိုင်းဖုန်းဆရာတော်၏ ကျန်းမာရေး အခြေအနေအရ  တစ်လအတွင်း (၃)ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်းသို့ အရေးပေါ် ထပ်မံ ပို့ဆောင်ရ

မိုင်းဖုန်းဆရာတော်၏ ကျန်းမာရေး အခြေအနေအရ  တစ်လအတွင်း (၃)ကြိမ်မြောက်အဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်းသို့ အရေးပေါ် ထပ်မံ ပို့ဆောင်ရ
ဇူလိုင် 28, 2023 | ရှမ်းရှေ့

 ပြီးခဲ့သည့်အပတ်က ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ထိုင်းနိုင်ငံကနေ တာချီလိတ်သို့ ပြန်လည်ကြွရောက်လာသည့် မိုင်းဖုန်းဆရာတော်သည် ကျန်းမာရေးအခြေအနေအရ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့၏ ည(၉)နာရီ (၄၅)မိနစ်အချိန်က ထိုင်းနိုင်ငံ ချိန်းရိုင်းရှိ ဆေးရုံသို့ အရေးပေါ်  ထပ်မံ ပို့ဆောင်လိုက်ရကြောင်း သိရသည်။



သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ ကျန်းမာရေးအခြေအနေအရ ၂၀၂၃ခုနှစ်၏ ဇူလိုင်လအတွင်း၌ ဇူလိုင်လ(၈)ရက်နေ့က တစ်ကြိမ်၊ ဇူလိုင်လ(၁၄)ရက်နေ့က တစ်ကြိမ် ယနေ့ ဇူလိုင်လ(၂၈)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ဇူလိုင်လ၏ တစ်လတာအတွင်း ထိုင်းနိုင်ငံဘက်သို့ ဆေးကုသရန်အတွက် အရေးပေါ် (၃)ကြိမ်တိတိ ပို့ဆောင်ခဲ့ကြရသည်။

မိုင်းဖုန်းဆရာတော်သည် (၃)နှစ် (၃)မိုး မိုးကြတ်ဂူအတွင်း အဓိဌာန်ဝင်ခဲ့ပြီး ဂူထွက်လာပြီးနောက်တွင် ပြည်တွင်း ပြည်ပ သာသနာပြုခရီးအဖြစ် နေ့စဉ် မနားတမ်း လှည့်လည် ကြွချီခဲ့သည့်အတွက် ပင်ပန်းမှုများ အပါအဝင် ကျန်းမာရေးကို ထိခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။