တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္ သြားရာလမ္းတြင္ ဇြန္လ(၁၉)ရက္ေန႔၌ အရိပ္ရပင္ (၁၀၀၀) ေက်ာ္စိုက္ပ်ိဳးမည္ျဖစ္၍ စိတ္၀င္စားသူမ်ား လာေရာက္ ပူးေပါင္း စိုက္ပ်ဳိးႏိုင္

တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္ သြားရာလမ္းတြင္ ဇြန္လ(၁၉)ရက္ေန႔၌ အရိပ္ရပင္ (၁၀၀၀) ေက်ာ္စိုက္ပ်ိဳးမည္ျဖစ္၍ စိတ္၀င္စားသူမ်ား လာေရာက္ ပူးေပါင္း စိုက္ပ်ဳိးႏိုင္
ဇွန် 16, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ဝမ္လံုးေက်းရြာအုပ္စု၊ ပံုလို႔(ၿမိဳ႕မ) သုသာန္သစ္သြားရာ လမ္းမႀကီးတစ္ေလွ်ာက္တြင္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၉) ရက္ေန႔ နံနက္ (၈) နာရီမွစ၍ အရိပ္ရပင္ႏွင့္ ပန္းအလွပင္ (၁,၀၀၀)ေက်ာ္စိုက္ပ်ိဳးမည္ျဖစ္ရာ မည္သူမဆို လာေရာက္စိုက္ပ်ိဳးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

"စိတ္ပါဝင္စားရင္ လာစိုက္လို႔ရတယ္ဗ်။ ဗမာယဥ္ေက်းမႈအဖြဲ႕က (၈၀၀) ေပါ့။ ကၽြန္ေတာ္တို႔ကက်ေတာ့ ယူကလစ္၊ မန္ဂ်န္ရွားနဲ႔ မယ္ဇယ္လီ အရိပ္ရပင္ေတြ အတက္လမ္းမွာ (၂၀၀)၊ (၃၀၀) ေလာက္မွန္းထားတဲ့အတြက္ အပင္ (၁၀၀၀) ေက်ာ္ေလာက္ျဖစ္သြားမွာေပါ့။ (၁၉) ရက္ေန႔က်ရင္ အဲဒီကိုလာစိုက္ရံုပါပဲဗ်။ ကၽြန္ေတာ္တို႔ က်င္းတူးထားမယ္၊ အပင္ခ်ေပးထားမယ္"ဟု သစ္ေတာဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ ဦးစီးမွဴး ဦးေအာင္စိုးတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အရွည္ (၁) မိုင္ခြဲခန္႔ရိွ ပံုလို႔(ၿမို႕မ)သုသာန္သြားရာ လမ္းမႀကီးေဘး၀ဲ၊ယာတြင္ ပိေတာက္၊ ကံ့ေကာ္၊ ခေရ၊ ငု၀ါအစရိွသည့္ အလွပန္းပင္မ်ားနွင့္ အရိပ္ရပင္မ်ားကို သစ္ေတာဦးစီးဌာနႏွင့္ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕တို႔ ပူးေပါင္းစိုက္ပ်ိဳးမည္ျဖစ္ၿပီး စိတ္ပါ၀င္စားသူမ်ား လာေရာက္ပူးေပါင္းစိုက္ပ်ိဳးႏိုင္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီမွာေတာ့ စိန္ပန္းပင္ပ်ိဳးပင္ (၂၀၀) ရိွတယ္။ သူတို႔ကေတာ့ ခေရတို႔ ကံ့ေကာ္တို႔ ငု၀ါတို႔ ယူလာမယ္ေျပာတယ္။ဟိုေန႔က ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕က ကိုယ္တို႔ဆီေနရာလာၾကည့္တယ္။ ဒီေနရာေတြလြတ္တယ္၊ ဒီေနရာေတြစိုက္မယ္။ သူတို႔လာစိုက္မွာေတာ့ တစ္ထြာေလာက္ေတြ၊ (၁) ေပေလာက္ေတြ၊ (၂) ေပေလာက္ေတြေပါ့။ ကၽြန္ေတာ္တို႔ဆီမွာေတာ့ စိန္ပန္းပင္ေတြက (၄) ေပေလာက္ေတြရိွတယ္။ သူတို႔စိုက္တဲ့အပင္ေတြကေတာ့ အားလံုးရွင္သန္ႏိုင္မယ္၊ မရွင္သန္မယ္မသိဘူးေပါ့။ စိုက္ၿပီးရင္ဒီတိုင္းပစ္ထားလို႔မရေသးဘူး။ မိုးမရြာဘူးဆိုရင္ အျမစ္စြဲေအာင္လို႔ တစ္ပတ္အတြင္း ေရ (၃) ႀကိမ္ေလာက္ေလာင္းေပးရမယ္။ ကၽြန္ေတာ္တို႔က ေနာက္ကေနေရကားနဲ႔ ေရျဖန္းေပးတာေတြလုပ္ရမွာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္ တည္ေဆာက္ေရးအဖြဲ႕ ဥကၠဌ ဒုရဲမွဴးစံသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္သြားရာ လမ္းမႀကီးတစ္ေလွ်ာက္ႏွင့္ သုသာန္တည္ေဆာက္ရာေနရာမ်ားတြင္ ၂၀၁၉ ခုႏွစ္ ေမလ (၃၁) ရက္ေန႔တြင္ ရြာသြန္းခဲ့သည့္မိုးေၾကာင့္ ေျမၿပိဳမႈမ်ားျဖစ္ေပၚခဲ့သျဖင့္ ေျမျပန္ဖို႔မႈမ်ားလုပ္ေဆာင္ခဲ့ရၿပီး ေျမၿပိဳမႈမ်ားကာကြယ္ႏိုင္ရန္ႏွင့္ လမ္းမတစ္ေလွ်ာက္သာယာလွပေစရန္ အရိပ္ရပင္မ်ားႏွင့္ ပန္းအလွပင္မ်ား စိုက္ပ်ိဳးရန္စီစဥ္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - San Thein



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ ပုံလို့(မြို့မ) သုသာန်သစ်သွားရာ လမ်းမကြီးတစ်လျှောက်တွင် ၂၀၁၉ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ နံနက် (၈) နာရီမှစ၍ အရိပ်ရပင်နှင့် ပန်းအလှပင် (၁,ဝဝဝ)ကျော်စိုက်ပျိုးမည်ဖြစ်ရာ မည်သူမဆို လာရောက်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။

"စိတ်ပါဝင်စားရင် လာစိုက်လို့ရတယ်ဗျ။ ဗမာယဉ်ကျေးမှုအဖွဲ့က (၈၀၀) ပေါ့။ ကျွန်တော်တို့ကကျတော့ ယူကလစ်၊ မန်ဂျန်ရှားနဲ့ မယ်ဇယ်လီ အရိပ်ရပင်တွေ အတက်လမ်းမှာ (၂၀၀)၊ (၃၀၀) လောက်မှန်းထားတဲ့အတွက် အပင် (၁၀၀၀) ကျော်လောက်ဖြစ်သွားမှာပေါ့။ (၁၉) ရက်နေ့ကျရင် အဲဒီကိုလာစိုက်ရုံပါပဲဗျ။ ကျွန်တော်တို့ ကျင်းတူးထားမယ်၊ အပင်ချပေးထားမယ်"ဟု သစ်တောဦးစီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးအောင်စိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရှည် (၁) မိုင်ခွဲခန့်ရှိ ပုံလို့(မြို့မ)သုသာန်သွားရာ လမ်းမကြီးဘေးဝဲ၊ယာတွင် ပိတောက်၊ ကံ့ကော်၊ ခရေ၊ ငုဝါအစရှိသည့် အလှပန်းပင်များနှင့် အရိပ်ရပင်များကို သစ်တောဦးစီးဌာနနှင့် ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းစိုက်ပျိုးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လာရောက်ပူးပေါင်းစိုက်ပျိုးနိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့ဆီမှာတော့ စိန်ပန်းပင်ပျိုးပင် (၂၀၀) ရှိတယ်။ သူတို့ကတော့ ခရေတို့ ကံ့ကော်တို့ ငုဝါတို့ ယူလာမယ်ပြောတယ်။ဟိုနေ့က ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့က ကိုယ်တို့ဆီနေရာလာကြည့်တယ်။ ဒီနေရာတွေလွတ်တယ်၊ ဒီနေရာတွေစိုက်မယ်။ သူတို့လာစိုက်မှာတော့ တစ်ထွာလောက်တွေ၊ (၁) ပေလောက်တွေ၊ (၂) ပေလောက်တွေပေါ့။ ကျွန်တော်တို့ဆီမှာတော့ စိန်ပန်းပင်တွေက (၄) ပေလောက်တွေရှိတယ်။ သူတို့စိုက်တဲ့အပင်တွေကတော့ အားလုံးရှင်သန်နိုင်မယ်၊ မရှင်သန်မယ်မသိဘူးပေါ့။ စိုက်ပြီးရင်ဒီတိုင်းပစ်ထားလို့မရသေးဘူး။ မိုးမရွာဘူးဆိုရင် အမြစ်စွဲအောင်လို့ တစ်ပတ်အတွင်း ရေ (၃) ကြိမ်လောက်လောင်းပေးရမယ်။ ကျွန်တော်တို့က နောက်ကနေရေကားနဲ့ ရဖြေန်းပေးတာတွေလုပ်ရမှာပေါ့"ဟု တာချီလိတ်မြို့မသုသာန်သစ် တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့မသုသာန်သစ်သွားရာ လမ်းမကြီးတစ်လျှောက်နှင့် သုသာန်တည်ဆောက်ရာနေရာများတွင် ၂၀၁၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ရွာသွန်းခဲ့သည့်မိုးကြောင့် မြပြေိုမှုများဖြစ်ပေါ်ခဲ့သဖြင့် မြပြေန်ဖို့မှုများလုပ်ဆောင်ခဲ့ရပြီး မြပြေိုမှုများကာကွယ်နိုင်ရန်နှင့် လမ်းမတစ်လျှောက်သာယာလှပစေရန် အရိပ်ရပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးရန်စီစဉ်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - San Thein 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net