စစ်ကောင်စီတပ်သင်္ဘောများက ရမ်းသမ်းပစ်ခတ်နေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးရွာများမှ ဒေသခံများ တိမ်းရှောင်ကြရန်ထုတ်ပြန်

စစ်ကောင်စီတပ်သင်္ဘောများက ရမ်းသမ်းပစ်ခတ်နေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးရွာများမှ ဒေသခံများ တိမ်းရှောင်ကြရန်ထုတ်ပြန်

စစ်ကောင်စီတပ်သင်္ဘောများက ရမ်းသမ်းပစ်ခတ်နေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးရွာများမှ ဒေသခံများ အမြန်ဆုံးရှောင်ရှားကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။

မန္တလေးမှ ထွက်လာသည့် စစ်ကောင်စီတပ် သင်္ဘောများသည် ဧရာဝတီမြစ်ကမ်းလမ်းကြောင်းတလျောက် လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် ပစ်ခတ်၍ အထက်သို့ ဆန်တက်လာနေသဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သင်္ဘောများ၏ ဘေးလွတ်ရာသို့ အချိန်မှီ‌ရွှေ့ပြောင်းပြီး ခိုင်မာသော အကာအကွယ်ရယူ နေထိုင်ကြရန် အသိပေးထားသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်တိုင်း စစ်ကြောင်းဦးတည်ရာလမ်းကြောင်းတလျှောက်နှင့် စစ်ကောင်စီတပ်များ ရှိရာနေရာများတွင် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်သောကြောင့် ကျေးရွာများအတွင်းရှိ ပြည်သူများ အန္တရာယ်ကင်းရှင်းရန်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါသင်္ဘောများသည် မတ္တရာ၊ ဝက်လက်နှင့် စဉ့်ကူးမြို့နယ်များကို ဖြတ်ကျော်လာပြီဖြစ်ပြီး သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မြစ်ကမ်းဘေးတွင် သင်္ဘောရပ်ကာ မြစ်ဆိပ်အနီးရှိ အရပ်သားများ၏ နေအိမ်မှ ပစ္စည်းများယူဆောင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း သပိတ်ကျင်း ပအဖ က ထုတ်ပြန်ထားသေးသည်။ 

ထို့ကြောင့် ပြည်သူလူထုအနေနှင့် မိမိတို့ပိုင်ဆိုင်သည့် တန်ဖိုးကြီးပစ္စည်းများ၊ အရေးကြီးပစ္စည်းများ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားစသည့် အရေးကြီး စာရွက်စာတမ်းများအား အသင့်ထုပ်ပိုးပြင်ဆင်ထားရန်လိုကြောင်း အသိပေးထားသည်။

#TachileikNewsAgency