DENKO ဆီဘောက်ဆာယာဉ်အား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ KNU/KNLA က စုံစမ်းစစ်ဆေး

Denko ဆီဘောက်ဆာတစ်စီး၊ ဖမ်းဆီးခံရသည့်ယာဉ်မဟုတ်ပါ။
Denko ဆီဘောက်ဆာတစ်စီး၊ ဖမ်းဆီးခံရသည့်ယာဉ်မဟုတ်ပါ။
DENKO ဆီဘောက်ဆာယာဉ်အား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ KNU/KNLA က စုံစမ်းစစ်ဆေး
စက်တင်ဘာ 26, 2022 | 2021 Military Coup| အခြားဒေသများ
By Tachileik News Agency

KNU သထုံခရိုင်အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့က DENCO ဆီဆောက်ဘာယာဉ်တစ်စီးကို တော်လှန်ရေးအထောက်အကူပစ်မှတ်အဖြစ် ခေါ်ယူထိန်းသိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ KNU/KNLA ပါဝင်ပါတ်သက်ခြင်းမရှိကြောင်း KNU ဗဟိုက ယနေ့စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်လာသည်။

အဆိုပါ ဆီဘောက်ဆာယာဉ်အား ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)အဖွဲ့က တော်လှန်ရေးအထောက်အကူပြုပစ်မှတ်အဖြစ်သတ်မှတ်ကာ ခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ယင်းသို့လုပ်ဆောင်ခဲ့ခြင်းအပေါ် KNU/KNLA ၏ ခရိုင်၊ တပ်မဟာ စစ်ဆေးရေးနှင့် ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစိစစ် စုံစမ်းစစ်ဆေးပြီး ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးချက်အရ ဖမ်းဆီးခံရသည့်ယာဉ်မှ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက် (၂)ဦးတို့ကို တော်လှန်ရေးအဖွဲ့က ဖမ်းဆီးထားစဉ် ရိုက်နှက်နှိပ်စက်ခြင်းမပြုဘဲ ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားခဲ့ပြီး DENKO ဆီဘောက်ဆာကားတွင်ပါလာသော Premium (3000)ဂါလံ၊ Desel (2000)ဂါလံနှင့် Octane 92 (4000)ဂါလံအား ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ KRF အနေဖြင့် KNU အဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိကြောင်းနှင့် KNU ၏ ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဥ်၊ လုပ်ငန်းစဥ် စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း စိစစ် စုံစမ်းစစ်ဆေးသိရှိရသည် ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

စက်တင်ဘာလ ၁၅ ရက်တွင် KRF အဖွဲ့ ထိန်းသိမ်းထားသော DENKO ဆီဘောက်ဆာကားအား ယာဥ်မောင်းလက်ထံ ပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency