ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်တစ်လက်ရ

ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်တစ်လက်ရ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် နံဇရွာထိပ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့ ည(၉)နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ လက်နက်တစ်လက်အား သိမ်းဆည်းရရှိခဲ့သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နံဇရွာထိပ်သို့ ကားကြီးတစ်စီး၊ ဘေးတွဲနှစ်စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ် အင်အား(၄၀)ဝန်းကျင်ကို ပြည့်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အနီးကပ် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် (၅)ဦးထက်မနည်း သေသည်ဟုဆိုသည်။

ထို့နောက် တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ BA94လက်နက်အမျိုးအစားတစ်လက်အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရေတွင်းကုန်းကျေးရွာအတွင်းသို့လည်း စစ်ကောင်စီတပ်၏ လူနာတင်ယာဥ်များ ရောက်ရှိနေသည်ဟုလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo : ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့