ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးရဲစခန်းအား KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးရဲစခန်းအား KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့်တိုက်ခိုက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးရဲစခန်းအား ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းတပ်က (၆၀)ဗုံးသီး (၄)လုံးချ တိုက်ခိုက်မှုကြောင့် တောင်ကလေးရဲစခန်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု နဂါးနီစစ်ကြောင်းက ယနေ့ ဇူလိုင်လ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို နဂါးနီစစ်ကြောင်း၊ Federal Wings Droneတပ်ဖွဲ့နှင့် KNLAတပ်ရင်း(၁၆)တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁၂)ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ငြိမ်းချမ်းမြိုင်(စိတ္တသုခဘုန်းကြီးကျောင်း)တောင်ပေါ်တွင် စစ်ကြောင်းထိုး ဝင်ရောက်နေသော စစ်ကောင်စီတပ် တပ်မ(၂၂)ကွပ်ကဲမှု ခမရ(၂၁၀)စစ်ကြောင်းကို နဂါးနီစစ်ကြောင်း၊ KNLAတပ်ရင်း(၁၆)၊ KNDOတပ်ရင်း(၆)Droneအဖွဲ့၊ တောင်ညိုစစ်ကြောင်း Droneအဖွဲ့နှင့် Alpha Bats Fixed Wingsအဖွဲ့တို့က  တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နေရာအနှံ့အပြားသို့ ပစ်ခတ်ရာ ပုလိန်ရွာအတွင်းရှိ နေအိမ် (၂)လုံး ပျက်စီးခဲ့ရသည်။

#TachileikNewsAgency