ဂန့်ဂေါခရိုင် PDF တပ်ရင်းသို့ လက်နက်နှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်

ဂန့်ဂေါခရိုင် PDF တပ်ရင်းသို့ လက်နက်နှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားကို ဆုငွေချီးမြှင့်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မကွေးတိုင်း ဂန့်ဂေါခရိုင် အမှတ် (၁၂)တပ်ရင်းသို့  လက်နက်နှင့်အတူ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ဆုငွေကျပ်သိန်း (၅၀)ချီးမြှင့်ပြီး CDM ဝင်ရောက်နိုင်ရေး ကူညီပေးသည့် ရဲဘော်အား ကျပ် (၁၀)သိန်း ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါတပ်ရင်းတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့က ဆုငွေချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း People's Defence Force - Gangaw Battalion က ဇူလိုင်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

CDM ဝင်လာသည့် စစ်ကောင်စီတပ်သားသည် လက်ရှိတွင် PDF တပ်ဖွဲ့နှင့်အတူ တာဝန်ထမ်းဆောင်နေသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့် အစိုးရအဖွဲ့အား ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ CDM လုပ်ကြသည့်တပ်ဖွဲ့ဝင်များရှိလာခြင်းဖြစ်သည်။

#TachileikNewsAgency