တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ခြောက်လုံး ပျက်စီးပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ခြောက်လုံး ပျက်စီးပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်(၆)လုံး ပျက်စီးပြီး အရပ်သား(၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သည် တနင်္သာရီမြို့မှ ဗောဓိကမ်းရွာ၊ ခြောက်မိုင်ရွာ၊ ငါးမိုင်၊ ဘန်လောရွာများအတွင်းကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်(၆)လုံးလည်း လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။ 

ထို့နောက် ယနေ့ ဩဂုတ်လ (၄)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးနှင့် ထပ်မံရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟု မြိတ်ခရိုင် တပ်ရင်း(၂) တပ်ခွဲ(၁)က သတင်းထုတ်ပြန်ထားသည်။

ဒေသခံများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာနေထိုင်ကြရန်နှင့် လက်နက်ကြီးကျည်ကျရာ ဒေသများသို့ မသွားရောက်ကြရန်လည်း မြိတ်ခရိုင် တပ်ရင်း(၂)၊ တပ်ခွဲ(၁)က သတိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :မြိတ်ခရိုင်တပ်ရင်း၂၊ တပ်ခွဲ၁