ရှမ်း - ကယားနယ်စပ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

ရှမ်း - ကယားနယ်စပ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

 ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ထောက်ပို့ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်း ရရှိခဲ့ကြောင်း PDF ၁၀၀၈ တပ်ရင်း(SSRY)ထံမှ သိရသည်။

ဖယ်ခုံမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ထောက်ပို့ယာဉ်ကို ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူဘုရားအကြား လမ်းဆုံ၌ တော်လှန်ရေးတပ်များက  ၂၀၂၃ခုနှစ် ဇူလိုင်လ(၉)ရက်နေ့တွင် မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က တပ်ခွဲတပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် အပါအဝင် (၄)ဦးသေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူများပေးခဲ့ခြင်းကြောင့် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ MA1 သေနတ် တစ်လက်၊ စက်လက်(ငါးကြင်းမြီး)တစ်လက်၊ (၆၀) မမဗုံးသီး(၁၆)လုံး၊ (၁၈) မိုင်းတစ်လုံး၊ Tecno mobile Phone တစ်လုံး၊ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သိရသည်။

တိုက်ခိုက်ခြင်းကို PDF ၁၀၀၈ တပ်ရင်း(SSRY) ၊ PDF ၁၀၀၅ တပ်ရင်း (SSLRU) ၊ NPT (ပ.က.ဖ)၊ KRU ၊ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းနှင့် ရှမ်းတောင်မဟာမိတ်တပ်ပေါင်းစုများ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: 1008 Infantry SSRY