ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရွာများကို စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ

ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရွာများကို စစ်ကောင်စီတပ်က ရေကြောင်းမှ ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရွာများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်သည် မြေပြင်မှ စစ်ကြောင်းထိုးနေသည့်အပြင် ရေကြောင်းမှလည်း စစ်သင်္ဘော (၃)စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာသို့ စစ်လက်နက်များ လာပို့သည်ဟု ယူဆရသည့် စစ်ကောင်စီတပ်၏ စစ်သင်္ဘော(၃)စီးသည် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်နေပြီး ဆားလင်းကြီးမြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းကလည်း လက်ရှိတွင် ဆားခါးရွာကို ဝင်ရောက်နေသည်ဟု သိရသည်။

"ချင်းတွင်းမြစ်တောက်လျှောက် မြစ်ကမ်းဘေးရွာတွေကို ပစ်တာ။ အထက်ကို နှောကူး၊ ခွန်သာ၊ ဆားခါး အဲဒီဖက်တော့ရောက်ပြီ။ ဒေသခံတွေလည်း မိုးရေထဲ ထွက်ပြေးနေကြရတယ်။ မိုးတွေတအားရွာနေတယ်။ မိုးရွာထဲရှောင်ရတာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး ပစ်ခတ်နေမှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူရှိ၊မရှိကို မသိရသေးပါ။

#TachileikNewsAgency

Photo : ချင်းတွင်းမြစ်ကမ်းဘေးရွာများအား ပစ်ခတ်နေသည့် စစ်သင်္ဘော (ပုံဟောင်း)