ထိုင်းအနောက်ပိုင်း ကန်ချနာဘူရီတွင် ဘတ်စ်ကား တစ်စီးလုံး မီးလောင်မှု ဖြစ်ပွား

Photo:  upplied
Photo: upplied
ထိုင်းအနောက်ပိုင်း ကန်ချနာဘူရီတွင် ဘတ်စ်ကား တစ်စီးလုံး မီးလောင်မှု ဖြစ်ပွား
By Mr John

ထိုင်းအနောက်ပိုင်း ကန်ချနာဘူရီတွင် ဘတ်စ်ကားတစ်စီးလုံး မီးလောင်ခဲ့မှုအတွင်း လူ (၃၀) ဦး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့

ထိုင်နိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီပြည်နယ်တွင် မေလ (၁၆) ရက်နေ့က ခရီးသွားဘတ်စ်ကားတစ်စီး မီးလောင်ခဲ့မှုအတွင်း ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် လူ (၃၀) ဦး အသက်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ခန့်မှန်းအားဖြင့် မေလ (၁၆) ရက် ဒေသစံတော်ချိန် နံနက် (၇:၂၀) အချိန်က Tha Muang ခရိုင်အတွင်းရှိ Ban Huai Rai စာသင်ကျောင်းရှေ့တွင် ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



ထိုဘတ်စ်ကားမှာ VIta Food Ltd. မှ ဝန်ထမ်း (၃၀) ဦးကို Tha Muang ခရိုင်အတွင်း Saen To အရပ်မှ Nong Tak Ya အရပ်ရှိ စက်ရုံအသစ်သို့ ပို့ဆောင်ရန် မောင်းနှင်လာခဲ့သည်ဟု ဆိုသည်။

ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ဝန်ထမ်းများ၏ အဆိုအရ ကျောင်းရှေ့ကနေဖြတ်သန်းသွားနေစဥ် ဘတ်စ်ကားအင်ဂျင် ပေါက်ကွဲပြီး မီးလောင်ခဲ့သည်ဟု သိရပြီး ဘတ်စ်ကား၏ အင်ဂျင်နေရာမှ မီးခိုးများထွက်လာသည်ကို တွေ့ရကြောင်း သိရသည်။



ယာဥ်မောင်းက ဘတ်စ်ကားကို စာသင်ကျောင်းရှေ့ လမ်းဘေးနေရာတွင် ရပ်လိုက်ပြီးနောက် ၎င်းနှင့်အတူ ဝန်ထမ်းများအားလုံးကို ကားပေါ်ကနေ ဘေးလွတ်ရာသို့ ထွက်သွားနိုင်ခဲ့ပြီး မီးလောင်မှုမှာ ဘတ်စ်ကားတစ်စီးလုံးကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းသွားခဲ့ကား မီးသတ်ယာဥ်(၄)စီးဖြင့် ငြှိမ်းသတ်ခဲ့သည်ဟု ဆိုသည်။

မီးလောင်မှုကို မိနစ် (၂၀) အတွင်း ထိန်းနိုင်ခဲ့သော်လည်း ဘတ်စ်ကားမှာ တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့သော်လည်း ဘတ်စ်ကားမီးလောင်မှုဖြစ်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။



ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းကလည်း နှစ်ထပ်ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည် (၅) ဦး သေဆုံးခဲ့ပြီး အခြား (၁၂) ဦး ပြင်းထန်သည့် ဒဏ်ရာများရခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ဖြစ်စဉ်တွင် နှစ်ထပ်ဘတ်စ်ကားမှာ ထိုင်းအရှေ့မြောက်ပိုင်း Khon Kaen မြို့တွင် ကားတာယာပွင့်ထွက်ပြီး မီးလောင်ခဲ့ရာမှ အင်ဂျင်ခန်းနေရာသို့ မီးကူးစက်သွားခဲ့ကာ တစ်စီးလုံးကို လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်ပြီး နှစ်ထပ်ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၃၃) ဦးအနက် ကလေးငယ် (၂) ဦး အပါအဝင် လူ (၅) ဦး သေဆုံးခဲ့ပြီး (၁၂) ဦးမှာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများရခဲ့ကြသည်။

Source: Bangkok Post, Chiang Rai Times