မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း NUG ထုတ်ပြန်ထားပြီး ရုရှား၏ ကျူးကျော်မှုကို ထောက်ခံကြောင်း အာဏာသိမ်းအဖွဲ့က ထုတ်ပြန်

မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း NUG ထုတ်ပြန်ထားပြီး ရုရှား၏ ကျူးကျော်မှုကို ထောက်ခံကြောင်း အာဏာသိမ်းအဖွဲ့က ထုတ်ပြန်
ဖေဖော်ဝါရီ 25, 2022 | နိုင်ငံတကာသတင်း

မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ထားပြီး ရုရှား၏ ကျူးကျော်မှုကို ထောက်ခံကြောင်း အာဏာသိမ်းအဖွဲ့က ထုတ်ပြန်

ယူကရိန်းနှင့် ၎င်း၏ ပြည်သူများအပေါ် ဆင်နွှဲလာသည့် စစ်ပွဲကို ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။



 

ယူကရိန်း၏ နယ်နမိတ် တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာတို့ကို လေးစားရန် မြန်မာက တောင်းဆိုလိုက်သည်။ အချုပ်အခြာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်ပါ ပြဌာန်းချက်များကို ချိုးဖေါက်ခြင်းဖြစ်ပြီး (၂၁) ရာစု ကမ္ဘာအတွက် ကောင်းမွန်သည့် နမူနာ တစ်ရပ် မဟုတ်ပါ။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး ၊ လုံခြုံရေး နှင့် လူသားဖွံ့ဖြိုး တိုးတက်မှုကို ကြီးစွာသော အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံသည် ယူကရိန်းပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။"ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ယူကရိန်းနိုင်ငံအပေါ် ကြောက်မက်ဖွယ်ရာ ပြင်းထန်သော လေကြောင်း၊ ကုန်းကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများကို နေရပ်စွန့်ခွာနေကြရပြီဖြစ်သည်။

မြန်မာ့အာဏာသိမ်းအဖွဲ့ကမူ ယူကရိန်းကို ကျူးကျော်သည့် ရုရှားကို ထောက်ခံကြောင်း နယူးယော့ခ်တိုင်းမ်သတင်းသို့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားထားသည်ကို တွေ့ရသည်။