စစ်ဦးစီးတက္ကသိုလ်(ကလော)၏ ကျောင်းအုပ်ကြီးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ပြောင်းရွှေ့

 စစ်ဦးစီးတက္ကသိုလ်(ကလော)၏ ကျောင်းအုပ်ကြီးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ပြောင်းရွှေ့
ဇူလိုင် 22, 2023 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးသစ်အဖြစ် စစ်ဦးစီးတက္ကသိုလ်(ကလော)၏ ကျောင်းအုပ်ကြီးဖြစ်သူ အား ပြောင်းရွှေ့တာဝန်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်အား ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးလိုက်ကာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် နှင့် ရဲချုပ်တာဝန်ကိုပါ ပူးတွဲခန့်ထားလိုက်ပြီးနောက် လစ်လပ်သွားသည့် ၎င်း၏ နေရာအား စစ်ဦးစီးတက္ကသိုလ်(ကလော)၏ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ခိုင်ဝင်း ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးသစ် အဖြစ် ပြောင်းရွှေ့လာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်းသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်  ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ၏ ပိတ်ပွဲနှင့် ဆုပေးပွဲသို့ တာဝန်စတင်ထမ်းဆောင်သည့် နေ့တွင် ပထမဆုံး တက်ရောက်သည်ကို ဇူလိုင်လ(၂၁)ရက်နေ့က တွေ့ရသည်။

စစ်ကောင်စီတပ်အနေဖြင့် ပုံမှန် တိုင်းမှူးအပြောင်းအလဲ ကာလမဟုတ်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် နှင့် ရဲချုပ်တာဝန်အတွက် ယခုလို အပြောင်းအရွှေ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။