ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက်

ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၃ခုနှစ် (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာ ကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ နံနက်(၅)နာရီဝန်းကျင်မှ နံနက်(၆)နာရီဝန်းကျင်အထိ ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားများ ထိခိုက်သေဆုံးသူရှိကာ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ကျောင်းဝန်းနေရာအထိ ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး ပခုက္ကူစက်မှုဇုန်မှ စစ်ကူများလာနေသဖြင့် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းဘက်သို့  ဆက်လက်သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း Earthquake People’s Defence Forceက သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force၊  မြိုင်(ပကဖ)တပ်ရင်း(၂) တပ်ခွဲ(၁)၊ Middle Revolution Task Force-MRTF၊  King Cobra၊  Royal Defense Force၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့-မြိုင်၊ PKU N PDFနှင့် ပခုက္ကူခရိုင် တပ်ရင်း(၂)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency