လားရှိုးတွင် စစ်ကောင်စီတပ်နှင့် MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)တို့ တိုက်ပွဲဖြစ်

လားရှိုးတွင် စစ်ကောင်စီတပ်နှင့် MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)တို့ တိုက်ပွဲဖြစ်
ဇူလိုင် 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဂန်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၏ တိုင်းရင်းသားတပ်မဟာ(၆၁၁)တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ် ခလရ(၆၈)တပ်ရင်းမှ အင်အား(၄၀)ကျော် ဝန်းကျင်သည် MNDAAတပ်မဟာ (၆၁၁)၏ တပ်ဖွဲ့တစ်ခုထံ စစ်ကြောင်းထိုးလာရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း The Kokangက ယနေ့ ဇူလိုင်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

MNDAA တပ်မဟာ(၆၁၁)သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းတွင် ပေါ်ပေါက်လာသည့် တိုင်းရင်းသားတပ်မဟာဖြစ်ပြီး MNDAA က လေ့ကျင့်မှုအပြင် လက်နက်များတပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့သည်။

#TachileikNewsAgency

Photo : တိုင်းရင်းသားတပ်မဟာ(၆၁၁)တပ်သားများ (ပုံဟောင်း)