ကွီလုံးတိုင်စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၇)ဦး လက်နက်ချ အညံ့ခံ

ကွီလုံးတိုင်စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၇)ဦး လက်နက်ချ အညံ့ခံ
အောက်တိုဘာ 27, 2022 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲရှိ အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ အမှတ်(၃၉)ခြေမြန်တပ်ရင်း ကွီလုံးတိုင်စခန်းကို  အောက်တိုဘာလ(၂၅)ရက်နေ့က ဝင်ရောက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထွက် ပေါ်လာသည်။



အဆိုပါ စခန်းကို KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား(၁၇)ဦး လက်နက်ချ အညံ့ခံခဲ့ပြီး  လက်နက် (၄၃)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"သိမ်းတာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ လက်နက်လာချတာ။"ဟု သတင်းအရင်းအမြစ်က ပြောသည်။

ကွီလုံး တောင်စခန်းကို KNLA တပ်ရင်း (၁၇)၊ (၁၈)၊ (၂၇)၊ SOF အထူးတပ်ဖွဲ့၊ Federal Win Drone တပ်ဖွဲ့ ပူး ပေါင်းအဖွဲ့ များက သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၍ စစ်ကူပို့ဆောင်ခဲ့ သော်လည်း ပူးပေါင်းအဖွဲ့များက စခန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။