မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေး

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီး လုံခြုံရေးအတွက် KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ စစ်ဆေး

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတွင် KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးခြင်းကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့က ထပ်မံလုပ်ဆောင်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.Cက သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ပြီး အဆိုပါစစ်ဆေးခြင်းကို ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့ကစတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ များသည် အရပ်သားကားများနှင့် ခရီးသည်တင်ယာဥ်များကို အသုံးပြု၍ လက်နက်ခဲယမ်းများအပါအဝင် စစ်အင်အားတိုးချဲ့ ခြင်းများ ဆောင်ရွက်နေသဖြင့် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်း၌ သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သူများနှင့် ၄င်းတို့နှင့် သက်ဆိုင်သည့် ပစ္စည်း တင်ဆောင်မှုများ မပြုလုပ်ရန်နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ် ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်းမျိုး မပြုလုပ်ကြရန်၊ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသုံးပြုသည့်ယာဉ်များအနေနှင့်လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာ အစစ်ဆေးခံရန် ထပ်မံတိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း