ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို ပကဖများ တိုက်ခိုက်သိမ်းပိုက်

ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီနှင့် ပျုစောထီးစခန်းကို ပကဖများ တိုက်ခိုက်သိမ်းပိုက်
ဇန်နဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီတပ်နှင့် ပျုစောထီးစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်၊ ရပ်ကျေး ပကဖများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ကာဘိုင် (၈)လက်၊ G-3 (၁)လက်၊ Shoot Gun (၅)လက် အပါအဝင် ကျည်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅)ဦး သေဆုံးသည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency