ချောင်းဦးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ဗိုလ်စနေအဖွဲ့က ရှင်းလင်း

ချောင်းဦးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ဗိုလ်စနေအဖွဲ့က ရှင်းလင်း
ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ယာကြီးတောရွာမှ ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ဗိုလ်စနေရှင်းလင်းရေးအဖွဲ့က ရှင်းလင်းလိုက်ကြောင်း ယနေ့ဖေဖော်ဝါရီလ(၂၃)ရက်တွင် ထုတ်ပြန်သည်။



 

ပစ်သတ်ခံရသူမှာ အာဏာသိမ်း စစ်ကောင်စီ‌ လက်‌အောက်ခံ ပျူစောထီးအဖွဲ့ဝင် အသက်(၃၅)နှစ်အရွယ် မောင်ရဲလင်းကို ဖြစ်ပြီး  ၎င်းအား   ကံကြီးကုန်းကျေးရွာထိပ်တွင် ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ ချောင်းဦး - ပခုက္ကူလမ်းပိုင်း၊ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း၊ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်းနှင့် ချောင်းဦး - အမြင့်လမ်းပိုင်းတို့ကို ယာယီပိတ်ထားကြောင်း ချောင်းဦး PDF က ထုတ်ပြန်ထားသည်။