ဘီးလင်းမြို့နယ်ရှိ မဲလံ BGFဂိတ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဘီးလင်းမြို့နယ်ရှိ မဲလံ BGFဂိတ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ မဲလံ BGFဂိတ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး(၈)လုံးချ တိုက်ခိုက်ခဲ့ကြောင်း Thaton People Defence Force(TPDF)ထံမှ သိရသည်။

၎င်းဂိတ်စခန်းကို TPDF၊ KNLA၊ PDF၊ KRF၊ ကျိုက်ထို (ပကဖ)၊ PPDF-KDနှင့် Yangon Eagle Forceတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နေ့လည်(၁)နာရီ (၅၀)မိနစ်ခန့်တွင် ပထမအကြိမ်အဖြစ် ဗုံးသီး (၄)လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့နောက် နေ့လည် (၂)နာရီ (၄၀)မိနစ်ခန့်တွင် ဒုတိယအကြိမ်အဖြစ် ဒရုန်းဖြင့် ဗုံးသီး (၄)လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ BGFများက (၆၀)မမ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း BGFတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါ။

#TachileikNewsAgency

Photo :Thaton People Defence Force-TPDF