အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးရှိ အလှပြင်ဆိုင်များ ပိတ်ရန် တာလီဘန်အုပ်စုက အမိန့်ထုတ်

အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးရှိ အလှပြင်ဆိုင်များ ပိတ်ရန် တာလီဘန်အုပ်စုက အမိန့်ထုတ်
ဇူလိုင် 6, 2023 | နိုင်ငံတကာသတင်း
By Mr John



 

အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်ကျော့ပြန် အာဏာချုပ်ကိုင်လာပြီး အမျိုးသမီးများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် တာလီဘန်စစ်သွေးကြွအုပ်စုက ယခုအခါ နိုင်ငံတဝန်းရှိ အလှပြင်ဆိုင်များကို ပိတ်ရန် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။ 

တာဘီဘန်တို့က အာဖဂန်ရှိ အလှပြင်ဆိုင်အားလုံးကို တစ်လအတွင်း ပိတ်ရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီးများအပေါ် နောက်ထပ် ဖိနှိပ်ချုပ်ချုပ်မှု လုပ်ရပ်တစ်ခုလည်း ဖြစ်လာသည်။

အလှပြင်ဆိုင်များ ပိတ်ရန် ၂၀၂၃ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂၇) ရက်နေ့ နောက်ဆုံးထား၍ အလှပြင်ဆိုင် အားလုံး ပိတ်ရမည်ဖြစ်ကြောင်း တာဘီလန်အုပ်စု၏ Propagation of Virtue and Prevention of Vice ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mohammad Sidik Akif Mahajar က CNN သတင်းဌာနကို အတည်ပြုခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာဂန်ကို တစ်ကျော့ပြန် အုပ်ချုပ်လာခဲ့သည့် တာဘီဘန်အုပ်စုက နိုင်ငံအတွင်း ဆယ်စုနှစ်များကြာ လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုကို နောက်ပြန်ရောက်သွားစေခဲ့သည်။ 

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာအရ တာဘီလန်တို့က အမျိုးသမီးများ အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ခဲ့ပြီး ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်လာခဲ့ကြောင်း သိရသည်။

ယခုအခါ အလှပြင်ဆိုင်များ ပိတ်ပစ်ရန် တာဘီဘန်အုပ်စု၏ အမိန့်ထုတ်မှုက အမျိုးသမီးများ၏ လွတ်လပ်ခွင့်ကို နောက်ထပ် ထိပါးမှုဖြစ်ပြီး အမျိုးသမီးများ၏ ဝင်ငွေအပေါ် မှီခိုနေရသော မိသားစုများအတွက် ပြင်းထန်သည့် စီးပွားရေးထိုးနှက်ချက်တစ်ရပ် ဖြစ်လာသည်။ 

မိသားစုအတွက် အလှပြင်ဆိုင်လုပ်ငန်းဖြင့် ဝင်ငွေရှာနေသည့် အာဖဂန်အမျိုးသမီးများက ယခုအမိန့်ကြောင့် ဘဝရပ်တည်ရေး ပိုမိုခက်ခဲလာမည့်အပေါ် စိုးရိမ်တုန်လှုပ်နေကြသည်။

#TachileikNewsAgency

Source: CNN