ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ facebook page  အသုံးပြုခွင့် (၆)လ ပိတ်ခံထားရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ facebook page  အသုံးပြုခွင့် (၆)လ ပိတ်ခံထားရ
By Mr John

 ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က Facebook အသုံးပြုခွင့် (၆)လ ရပ်ဆိုင်းခံရပြီးနောက် ပြည်သူလူထုနှင့် ဆက်သွယ်ရန် Telegram ကို ပြောင်းလဲအသုံးပြုသွားမည်ဟု ဆိုသည်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ Facebook page တွင် တင်ခဲ့သည့် ဗီဒီယိုတစ်ခုမှာ အကြမ်းဖက် ခြိမ်းခြောက်မှုကို တားမြစ်ထားသော ၎င်းတို့၏ စည်းမျဥ်းကို ချိုးဖောက်သည်ဟု Facebook ပိုင်ရှင် Meta က သတ်မှတ်ခဲ့ပြီး ဟွန်ဆန်ကို အသုံးပြုခွင့် (၆) လကြာ ရပ်ဆိုင်းခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေးအတိုက်အခံများကို ခြိမ်းခြောက်ရန်နှင့် ၎င်း၏ အစိုးရကို ဝေဖန်ခြင်းမပြုရန် Facebook သုံးပြီး ပြောဆိုလေ့ရှိကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲထားသည်။ 

ဟွန်ဆန်အစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ 

Meta ၏ လွတ်လပ်သော ကြီးကြပ်ကွပ်ကဲရေး ဘုတ်အဖွဲ့က အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုတို့နှင့် ပတ်သက်၍ ဟွန်ဆန်၏ စည်းမျဥ်းချိုးဖောက်မှုများကို ၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းကို အသုံးပြုခွင့် (၆) လကြာ ရပ်ဆိုင်းထားသင့်ကြောင်း ဇွန်လ (၂၉) ရက်နေ့တွင် ပြောသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ Facebook page တွင် follower (၁၄) သန်းရှိပြီး ထိုအရေအတွက်မှာ ကမ္ဘောဒီးယားလူဦးရေနီးပါးလည်း ဖြစ်သည်။ 

ဟွန်ဆန်၏ Telegram channel အသစ်တွင်လည်း follower (၈၅၀,၀၀၀) ရှိနေပြီဖြစ်ကြောင်း Khmer Times သတင်းက ၎င်း၏ ပြောကြားမှုကို ကိုးကားဖော်ပြသည်။ 

"Facebook နဲ့ ယှဥ်ရင် ပိုကောင်းပါတယ်" ဟု ဟွန်ဆန်က ဇွန်လ (၂၈) ရက်နေ့တွင် ၎င်း၏ Telegram ၌ ပြောထားသည်။

 

Source: Reuters