Burma Actဥပဒေ အကောင်အထည်ဖော်နိုင်ရေး NUGနှင့် အမေရိကန်တို့ဆွေးနွေး

Burma Actဥပဒေ အကောင်အထည်ဖော်နိုင်ရေး NUGနှင့် အမေရိကန်တို့ဆွေးနွေး
ဇွန် 24, 2023 | 2021 Military Coup

Burma Actဥပဒေ အကောင်အထည်ဖော်နိုင်ရေးအတွက် NUG ဝန်ကြီးများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့က ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးမှုတွင် မြန်မာပြည်၏ လက်ရှိ မြေပြင်အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ အမေရိကန်အစိုးရနှင့် နိုင်ငံတကာမှ ကူညီထောက်ပံ့မှု ရရှိရေးကိစ္စရပ်များ၊ Federal Democracyဖော်ဆောင်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာရေးရာများ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများနှင့် တရားဥပဒေရေးရာများကို ဆွေးနွေးခဲဲ့ကြသည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မေရိကန်နိုင်ငံခြားရေးဌာနမှ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲကို ကချင်၊ ကရင်၊ ကရင်နီ ၊ ချင်း တိုင်းရင်းသား လူမျိုးစုများအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၊ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာပြည်အရေး ဆောင်ရွက်နေသူများအပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ဝါရှင်တန်ဒီစီ အခြေစိုက် Think Tank အဖွဲ့များနှင့် NGO များမှ တက်ရောက်ခဲ့ကြသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်၊အထူးအကြံပေးပုဂ္ဂိုလ် မစ္မတာ ရှောင်တာနယ် လည်းတက်ရောက်ခဲ့သည်ဟု NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ယနေ့ဇွန်လ(၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။

#TachileikNewsAgency

Photo : Ministry of Communications, Information and Technology-Myanmar