ဖလူးတပ်စခန်းအား KNLA နှင့် ပူးပေါင်းအဖွဲ့က (၅)မိနစ်အတွင်း အပြီး သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖလူးတပ်စခန်းအား KNLA နှင့် ပူးပေါင်းအဖွဲ့က (၅)မိနစ်အတွင်း အပြီး သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဖလူးအခြေစိုက်စစ်ကောင်စီတပ် လက်အောက်ခံ ခလရ(၂၇၅)တပ်စခန်းအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲ ယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆)စစ်ကြောင်းဦးဆောင်သော  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကော့ကရိတ်မြို့နယ်၊ ဖလူးအခြေစိုက်စစ်ကောင်စီတပ်လက် အောက်ခံ ခလရ(၂၇၅)တပ် စခန်းအား မတ်လ(၁၁)ရက်နေ့ညနေပိုင်းတွင် (၅)မိနစ်အတွင်းအပြီး သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖလူးစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ ငါးကြင်းမှီးစက်လက် အပါအဝင် လက်နက်ငယ် (၅)လက်၊ (၆၀)မမ ပြောင်းရှည်(၁)လက်၊ ပွိုင့်(၅)ကျည်နှင့် စက်လက်ကျည် အပါအဝင် လက်နက်ငယ် ကျည်(၂၀,၂၆၈)  တောင့်၊ RPG နှင့် (၄၀)မမကျည် (၇၄)လုံး၊ (၈၁)မမနှင့် (၆၀)မမကျည် (၂၁)လုံး၊ မိုင်းမျိုးစုံ (၁၃၂)လုံး၊ စစ်အသုံးအ ဆောင်ပစ္စည်းများနှင့်ရိက္ခာများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။