ပခုက္ကူမြို့နယ်တွင် ဘီယာထိုင်သောက်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးပစ်ခံရ

ပခုက္ကူမြို့နယ်တွင် ဘီယာထိုင်သောက်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးပစ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်းရှိ ဆုံစည်းရာဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသည့် စစ်ကောင်စီတပ်သား(၂)ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်(၂)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့က မြစ်ခြေ-ကမ္မလမ်းရှိ ဆုံစည်းရာဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသည့် စစ်ကောင်စီတပ်သား (၂)ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပစ်ခတ်စဉ် ဆိုင်ကယ်စီးပြီးထွက်ပြေးသဖြင့် အနောက်မှ လိုက်လံပစ်ခတ်ခဲ့ရာ မြစ်ခြေ-ကမ္မလမ်းဘေးရှိ ရေမြောင်းထဲတွင် ကျည်ထိမှန်ဒဏ်ရာနှင့်လဲကျနေသော ရန်သူ့တပ်သား(၁)ဦးကို လက်နက်ချ အညံ့မခံသဖြင့် အသေပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

ပစ်ခတ်မှုဖြစ်စဉ်မှ စစ်ကောင်စီ တပ်သား(၂)ဦး၏ MA-1(၂)လက်နှင့် ၅.၅၆ ကျည် (၁၇)တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : Ministry of Defence-NUG