အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တစ်နေရာ၌ 'We Miss You' စာသားချိတ်ဆွဲ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တစ်နေရာ၌ 'We Miss You' စာသားချိတ်ဆွဲ

ရန်ကုန်မြို့တစ်နေရာ၌ ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ၎င်းပုံနှင့်အတူ "We Miss You"စာသားအား YRF၏ Soft Strike Communityမှ ချိတ်ဆွဲခဲ့ကြောင်း သိရသည်။



လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထုအနေဖြင့် (၂)နှစ်ကျော်လာသည်အထိ မတွေ့ရ၊မကြားရသည့်တိုင် အစဉ်အမြဲကိုပင် အောက်မေ့ သတိရလျက်ရှိ နေသည်ဟု ဆိုသည်။ မွေးနေ့ရှင်အတွက် နောက်နှစ်မွေးနေ့တွင် ၄င်းချစ်သည့် ပြည်သူများနှင့်အတူ ​မွေး​နေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း မွေးနေ့ဆုတောင်းပေးထားသည်။



#TachileikNewsAgency

Photo : Yangon Revolution Force - YRF