ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ် သင်္ဘော ၇စီးကို ‌ဒေသကာကွယ်‌ရေးတပ်များ သိမ်းဆည်း

ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ် သင်္ဘော ၇စီးကို ‌ဒေသကာကွယ်‌ရေးတပ်များ သိမ်းဆည်း
နိုဝင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဘေးတစ်နေရာ၌ သောင်တင်နေသည့် စစ်ကောင်စီတပ်ပိုင် ထောက်ပို့သင်္ဘော(၇)စီးကို ဒေ သကာကွယ်‌ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း ULF(မဟာမိတ်တပ်ပေါင်းစု)ထံမှ သိရသည်။

ဟုမ္မလင်းမြို့မှ ဆုန်ဆင်းလာ‌သော စစ်ကာင်စီတပ်၏ ထောက်ပို့ဖလပ်(၇)စီးကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့နှင့် (၈)ရက်နေ့တို့တွင် ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြာင့် စစ်ကောင်စီတပ်သားများ အထိနာကာ သောင်တင်နေသော ထောက်ပို့ဖလပ်(၇)စီးအား စွန့်ခွာထွက်ပြေးသွားသဖြင့် နိုဝင်ဘာလ(၉)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ သင်္ဘောများပေါ်မှ သိမ်းဆည်းရမိသော ပစ္စည်းများမှာ ဒီဇယ်ပေပါ (၁၀၀)လုံး၊ သစ်လုံးရေ (၂၀၀)လုံး၊ ယာဉ်ယန္တယား (၃)စီး၊ မော်တော်ဆိုင်ကယ် (၅)စီးနှင့် စက်ဘီး (၁)စီးတို့ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ဆင်‌ရေးကို ULF(မဟာမိတ်တပ်ပေါင်းစု)နှင့်အတူ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF၊ ယင်းမာပင်ခရိုင် တပ်မဟာ၊ BNRA၊ BLDF၊ KG တပ်ဖွဲ့၊ ဘိုးတော်နီအဖွဲ့နှင့် ဒေသခံ ပကခတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ဗိုလ်နဂါး