ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းပေါ်တွင် ကရင်ပြည်နယ်သို့ စစ်ကူနှင့် ထောက်ပို့ပစ္စည်းများ သယ်ဆောင်မည့်တပ်ယာဉ်တန်းအတွက် ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။

ကရင်ပြည်နယ်သို့  ထောက်ပို့ပစ္စည်းများသယ်ဆောင်မည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းအား လုံခြုံရေးယူပေးသည့် ရန်သူကင်းပုန်းအဖွဲ့အား သထုံခရိုင်၊ တပ်မဟာ(၁)၊ တပ်ရင်း(၂)မှ KNLA/PDF ခွဲ(၂)၊ တပင်ရွှေထီးစစ်ကြောင်းနှင့် တောကျီးကန်းစစ်ကြောင်း ပူပေါင်းအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းအား ဖြတ်တောက်ရန် ရန်ကုန်-မော်လမြိုင် ဟိုင်းဝေးလမ်းပေါ်သို့ သွားရောက်စဉ် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ဆေးခန်းအနီးတွင် စစ်ကောင်စီတပ်ကင်းပုန်းအဖွဲ့များ ကြိုတင်ရောက်ရှိ‌နေပြီဖြစ်သဖြင့် Droneအဖွဲ့မှ  ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency