ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် စစ်ဘေးရှောင်များအတွက် ဈေးရောင်းပွဲပြုလုပ်

ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် စစ်ဘေးရှောင်များအတွက် ဈေးရောင်းပွဲပြုလုပ်

ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် ကရင်နီပြည်တွင်းရှိ စစ်ဘေးရှောင်လူထုများအား ကူညီထောက်ပံ့နိုင်ရေး ဈေးရောင်းပွဲတော်ကို

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။



"မယ့်စဲဘက်ကရောက်လာတဲ့သူတွေဆိုရင် နေရာတွေလည်းမရှိ၊ အကူအညီတွေလည်းမရှိ အဲဒီလိုတွေဖြစ်နေတာလေ။ အဲဒါကြောင့်မို့လို့ ဒီကနေပြီးတော့ ကျွန်မတို့က အနည်းအကျဉ်းပေါ့နော် အခုလိုအရေးပေါ်အတွက် ကူဖို့ရည်ရွယ်တာပေါ့နော်။"ဟု ပွဲစီစဉ်သူ မတင်တင်ညိုက Tachileik News Agencyကို ပြောသည်။



ကရင်နီပြည်သည် ၂၀၂၁ အာဏာစသိမ်းသည့်ကာလကစတင်ကာ လက်ရှိအချိန်အထိ စစ်ပွဲကြောင့် လူဦးရေ (၂၁၀,၀၀၀)ဝန်းကျင် စစ်ဘေးရှောင်နေရသည်ဟု သိရသည်။ ကရင်နီအမျိုးသားနေ့သည် လာမည့် ဇွန်လ(၂၁)ရက်နေ့တွင် (၁၄၈)ကြိမ် ပြည့်မြောက်မည်ဖြစ်သည်။



#TachileikNewsAgency