ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်နေပြီး လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ကျဆုံးမှုရှိကာ စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီတာနားနေစခန်းမှ နေအိမ်အဆောက်အဦးများစွာ ပျက်ဆီးသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက Tachileik News Agencyကိုပြောသည်။

အသေးစိတ်အခြေအနေကိုမူ ပြောဆိုနိုင်ခြင်းမရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် တိုက်ပွဲပေါင်း (၆၀၀)နီးပါး ဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့နယ်မှ နေအိမ်(၁၃၀၀)ကျော် မီးရှို့ခံခဲ့ရကာ စစ်ဘေးရှောင် တစ်သိန်းလေးသောင်းကျော်အထိရှိကြောင်း ISP Myanmar၏ ထုတ်ပြန်ချက်များအရ သိရသည်။

#TachileikNewsAgency

Photo : CJ