ရွှေဘိုစစ်ဆေးရေးဂိတ်တွင် ကားပေါ်ထိုင်နေသည့် လူနာကို စစ်ကောင်စီတပ်က ပစ်သတ်

ရွှေဘိုစစ်ဆေးရေးဂိတ်တွင် ကားပေါ်ထိုင်နေသည့် လူနာကို စစ်ကောင်စီတပ်က ပစ်သတ်
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မန္တလေးမြို့တွင် ဆေးရုံပြပြီးပြန်လာသည့် လူနာတစ်ဦးသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် ရွှေဘိုမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးဂိတ်တွင် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။  

ကောလင်းမြို့ အနောက်ဘက်ခြမ်းရွာနေ ဦးပေါ်ထွန်း အသက်(၆၀)နှစ်သည်  TB ရောဂါအား မန္တလေးတွင် ဆေးရုံပြပြီးအပြန် ရွှေဘို‌မြို့ရှိ စစ်ကောင်စီတပ်၏ မြောင်းကြီးစစ်ဆေးဂိတ်အရောက်တွင် စစ်ကောင်စီတပ်က လမ်းဆင်းလျှောက်၍ မှတ်ပုံတင်ပြခိုင်းခဲ့ကြောင်း သိရသည်။

ရောဂါကြောင့် လမ်းမလျှောက်နိုင်သည့် ဦးပေါ်ထွန်းသည် ကားခေါင်းခန်းတွင်ထိုင်နေစဉ် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးသွားကြောင်း သိရသည်။

ထို့နောက် ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ရွှေဘိုဆေးရုံရင်ခွဲရုံသို့ယူဆောင် စစ်ဆေးပြီးနောက် စက်တင်ဘာလ (၅)ရက်နေ့တွင် အလောင်းအား ပြန်ပေးခဲ့သည်ဟု သိရသည်။

(စိတ်မချမ်းမြေ့ဖွယ်ပုံရိပ်များပါဝင်သဖြင့် အခြားသတင်းဓာတ်ပုံများကို Telegram Channel https://t.me/TachileikNewsAgency/42646 တွင် ကြည့်ရှုနိုင်ပါသည်)

#TachileikNewsAgency

Photo :DCT/Dutiful Citizens Team