ရေးနှင့် သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် ပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်

ရေးနှင့် သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် ပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်

မွန်ပြည်နယ် ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်များ သွားလာမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇွန်လ(၁၈)ရက်နေ့က စတင်၍ စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။



ဇွန်လ(၁၈)ရက်နေ့က စတင်ပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်သားများ သွားလာမှုကို KNLA၊ S.O.Fနှင့် PDF ပူးပေါင်းစစ်ကြောင်းများက လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေသည်ဟု S.O.Fတပ်ဖွဲ့က ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွှယ်သူ (၄)ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ထားသည်ဟု သိရသည်။



KNLAတပ်ရင်း ၂၇၊ S.O.Fနှင့် PDF ပူးပေါင်းစစ်ကြောင်းများသည် ဇွန်လ(၂၀)ရက်နေ့ကလည်း မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေချိန် စစ်ကောင်စီလက်အောက်ခံ (၃၁၇) အမြှောက်တပ်က (၈၁)မမ ဖြင့် (၅)ချက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရာဘာခြံအတွင်း (၃)လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။



ပြီးခဲ့တဲ့ ဇွန်လ(၁၀)ရက်နေ့ကတည်းက KNLA တပ်ရင်း(၂၇)သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြသည့်ကားများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့် ပစ္စည်းများ သယ်ဆောင်လာပါက အရေးယူမည်ဟု ထုတ်ပြန်ထားသည်။



#TachileikNewsAgency

Photo : အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F